Local News

ဆန်ကွဲB(2,3,4)ဈေးတက်၍ ဧည့်မထဆန်သစ်ဈေးကျကာ ဧည့်မထဆန်(ဟောင်း)၊ ပေါ်ဆန်းမွှေးဆန်၊ ဆန်ကွဲB(1,2)နှင့်ဖွဲနုဈေးတို့တည်ငြိမ်လျက်ရှိ

Last Updated:

ဆန်ကွဲB(2,3,4)ဈေးတက်၍ ဧည့်မထဆန်သစ်ဈေးကျကာ ဧည့်မထဆန်(ဟောင်း)၊ ပေါ်ဆန်းမွှေးဆန်၊ ဆန်ကွဲB(1,2)နှင့်ဖွဲနုဈေးတို့တည်ငြိမ်လျက်ရှိ

ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။

ပဲခူးကုန်စည်ဒိုင်အနေဖြင့် (၂၅.၈.၂၀၂၅) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၆၀၀၀၀ကျပ်၊ ဧည့်မထဆန် (မနောသုခ)(သစ်)တစ်အိတ် ၅၆၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၀၀၀၀ဝကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၄၅၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၄၀၀၀ဝ ကျပ်နှင့် ဖွဲနုတစ်အိတ် ၂၇၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၁.၉.၂၀၂၅) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၆၀၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၅၅၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၀၀၀၀ဝကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၄၅၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၄၂၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၇၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။

ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဆန်ကွဲB(2,3,4)တစ်အိတ် ၂၀၀၀ကျပ် ဈေးမြင့် တက်ကာ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၁၀၀၀၀ကျပ် ဈေးများကျဆင်းခဲ့ပါသည်။ ဆန်ကွဲB(2,3,4)ဈေးမြင့်တက်သွားခြင်းမှာ စပါးဈေးကျဆင်း၍ ဆန်ကြိတ်ခွဲမှုလျော့သွားကာ ကုန်ကြမ်းနည်းပြီး ဝယ်လိုအားများသောကြောင့်ဖြစ်ပြီး ဧည့်မထဆန်(မနောသုခ)(သစ်)ဈေး ကျဆင်း သွားခြင်းမှာ ကုန်ကြမ်းများပြီး ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်းဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဉက္ကဌထံမှ သိရှိရပါ သည်။

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

 

 

Category: Local News